Khit Thit သတင်းဌာန၏ မေ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Video By:  Khit Thit Media Posted On:  May 19, 2023

Khit Thit သတင်းဌာန၏ မေ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၁၉ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းကတော့ -မြန်မာနိုင်ငံတစ်ဝန်းက မြို့နယ်အသီးသီးမှာ PDF တပ်ဖွဲ့တွေ လက်နက်နဲ့ အလင်းဝင်ရင် ငွေပေး မည် ဆိုတဲ့ ကြော်ငြာစာတွေ ၊ ဆိုင်းဘုတ်တွေကို အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဦးဆောင်ဝေငှ စိုက်ထူနေကြပြီး ၊ ကြော်ငြာစာဝေတဲ့ ရဲတွေက နှာခေါင်းစည်းတွေတပ် ထာပြီး လူနား မကပ်ရဲပဲ အဝေးကနေ ကြော်ငြာစာတွေကို ပစ်ပေးနေတယ်လို့ ဒေသခံ ပြည်သူတွေ ဆီကနေ သိရပါတယ်။ - KNU တပ်မဟာ ၃ စစ်ရေးနယ်မြေ အတွင်းမှာ ဒဏ်ရာရထားတဲ့ အ ကြမ်းဖက် စစ်ကောင်စီ တပ်သား တွေကို ကားနဲ့ သယ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစု တပ်ဖွဲ့ ကနေ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေသွားပြီး ၊ သေနတ် ၃ လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ မေလ ၁၈ ရက်နေ့ မှာ Royal Peacock Column တပ်ဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။ - ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျွဲ၊ နွား သေဆုံးမှု အကောင် အရေ ၂ ထောင်ကျော် ရှိတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Tags:
#Khit Thit Media  #Myanmar  #Burma  #Khit Thit  #Yangon Khit Thit Media  #Media  #Yangon Khit Thit  #MAL  #Min Aung Hlaing  #Myanmar Khit Thit  #PDF  #People Defense Force  #NUG  #National Union Government  #NUG - Myanmar  #National Union Government Myanmar  #Aung San Suu Kyi  #Daw Aung San Suu Kyi